တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့က လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ရောက်ရှိ
ရန်ကုန် ဩဂုတ် ၂၃
တရုတ်ပြည်သူ့လွတ်မြောက်
ရေးတပ်မတော်နှင့် ပေကျင်းမြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့ကလှူဒါန်း သည့် ကိုဗစ်-၁၉
ရောဂါကာကွယ် ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ တင်ဆောင်လာသည့် Air
China လေယာဉ်သည် ပေကျင်းမြို့မှ ယနေ့ညနေ ၆ နာရီခွဲတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်သို့ ရောက်ရှိရာ အဆိုပါဆေးနှင့် ဆေးပစ္စည်းများကို ဒဂုံမြို့နယ်ရှိ နယ်မြေခံ
တပ်မတော်ဆေးရုံမှ ဗိုလ်မှူးကြီး ဇော်မျိုးဟန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက
လက်ခံရယူခဲ့သည်။
ထိုသို့ရောက်ရှိလာသော
ဆေးနှင့်ဆေးပစ္စည်းများတွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့လှူဒါန်းသည့်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး SARS-CoV-2 Vaccine (Vero Cell) အလုံး ၄၀၀၀၀၀၊ ဆေးထိုးအပ် ၄၀၃၂၀၀၊ ပေကျင်းမြို့ရှိ မြန်မာ စစ်သံ(ကြည်း၊ ရေ၊
လေ)ရုံးမှဆေးဘက်ဆိုင်ရာအထောက်အကူပြုပစ္စည်း များဖြစ်သည့် Oxygen
Concentrator ၁၆ လုံး၊ PPE ဝတ်စုံ ၂၄၀၊ Mask
၁၀၃၅၀၀၊ ပေကျင်းမြို့ရှိ မြန်မာသံရုံး မှလှူဒါန်းသည့် Carrimycin
ဆေးပြား ၇၂၀၀၀၊ Mask ၁၀၀၀၀၀ တို့ ပါဝင်သည်။
အဆိုပါ တရုတ်နိုင်ငံမှ
ရောက်ရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများနှင့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒဂုံမြို့နယ်ရှိ ဆေးသိုလှောင်ရေးတပ်နှင့် မရမ်းကုန်းမြို့နယ်
မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင်ခန်းတို့သို့ မော်တော်ယာဉ်များဖြင့်
ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်
No comments