ပုသိမ်ကြီးမြို့နယ် ပရဟိတအသင်းသို့ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော် လာရောက်အားဖြည့်ကူညီ

 


ပုသိမ်ကြီး ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး ပုသိမ် ကြီးမြို့နယ် ရေထွက်ကျေးရွာရှိ မေတ္တာစေတနာရှင် လူမှုကူညီရေး အသင်းရုံးနှင့် အောက်ဆီဂျင်အခမဲ့ ဖြန့်ဖြူးပေးသည့် အသင်းခွဲနေရာ ရွှေလှည်း(Tea Garden) သို့ အသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် ယနေ့နံနက် ၉ နာရီက ရောက်ရှိပြီး အသင်းဥက္ကဋ္ဌနှင့် အသင်းဝင်အချို့အား တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာများ ပြန်လည်မျှဝေ ပြောကြားသည်။

ဆက်လက်၍ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် မေတ္တာစေတနာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးဝင်းနိုင်နှင့် အသင်းသားများအား ကိုဗစ်-၁၉ ရောဂါကာလ ဖြစ်သည့်အတွက် လူမှုကူညီရေး ပရဟိတလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အသုံးဝင်မည့် (PPE) ဝတ်စုံ စနစ်တကျ ဝတ်ဆင်ပုံကို သရုပ်ပြရှင်းလင်း ပြသပေးခဲ့သည်။

ထို့နောက် မေတ္တာစေတနာရှင် လူမှုကူညီရေးအသင်း၏ နာရေးလမ်းကြောင်းတစ်ခု၌လည်း အသင်းဝင်များနှင့်အတူ အသင်းမော်တော်ယာဉ်မောင်းပြီး ပါဝင်အားဖြည့် ဆောင်ရွက်ပေးခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်သည် ဩဂုတ် ၂၁ရက်က ပုသိမ် ကြီးမြို့နယ်အတွင်းရှိ မန္တလေး နည်းပညာတက္ကသိုလ် (MTU) ၌ ဖွင့်လှစ်ထားသော ရန်ကင်းကိုဗစ်စင်တာ(မန္တလေး)သို့လည်း သွားရောက် အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)


No comments

Powered by Blogger.