ဆီဆိုင်မြို့နယ်၌ အောက်စီဂျင်စက်ရုံတည်ဆောက်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးပစ္စည်းများဝယ်ယူရန် အလှူငွေများလှူဒါန်း
ဆီဆိုင်
ဩဂုတ် ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေး၌ လိုအပ်သော အောက်စီဂျင်ထုတ်လုပ်သည့်စက်တစ်လုံး
တပ်ဆင်ရာတွင် အသုံးပြုနိုင်ရေးနှင့်
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများဝယ်ယူရေးအတွက်
ထိုင်းနိုင်ငံမှ Mr.Thanakit နှင့် တောင်ကြီးမြို့နယ် နန်းဟောင်းကျေးရွာအုပ်စု၊
ဘန်ကွဲကျေးရွာနေ ခွန်ပေါက်စီ အဆွေတော်နှစ်ဦး (နဂါးတံဆိပ် SD5059,5089,5058 အစေ့ထုပ်ပြောင်းမျိုး “အုံးအုံးနိုင်” လီမီတက်)မှ ယမန်နေ့ လှူဒါန်းခဲ့ကြောင်း
သိရသည်။
ထိုသို့
လှူဒါန်းရာတွင် ဆီဆိုင်မြို့နယ် အောက်စီဂျင်စက်ရုံ(Oxygen Plant) တည်ဆောက် ရေးအတွက်
ဦးစီးဦးဆောင်ပြုသူ
ဆီဆိုင်မြို့ ဇဝနာရာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဦးကောဝိဒထံသို့ အလှူငွေကျပ်သိန်း ၅၀ နှင့် ဆိုက်ခေါင်စံပြကျေးရွာတွင်
ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဘက်စုံအသုံးပြုရန်အတွက်
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းကော်မတီမှ ဦးခွန်သန်းထူးနှင့် တာဝန်ရှိသူများထံသို့
အလှူငွေကျပ် ၁၀ သိန်းနှင့် ဆီဆိုင်မြို့နယ် ပအိုဝ်းအနုပညာရှင်များအဖွဲ့ထံသို့
ဆီဆိုင်မြို့တွင် လက်ရှိ ကိုဗစ်-၁၉ ရောဂါခံစား နေသူများနှင့် စောင့်ကြည့်လူနာများအတွက်
အခြေခံစားသောက်ကုန် တစ်သိန်းဖိုးအား လှူဒါန်းခဲ့ ကြောင်းသိရသည်။
ဆီဆိုင်(ပြန်/ဆက်)


No comments