ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား အများပြည်သူရုံးပိတ်ရက်များတွင်လည်း လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ အဆက်မပြတ်တင်သွင်းနိုင်ရေးဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော် ဩဂုတ် ၈
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်
အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံး
အောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင်
လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ်
တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen
Concentrator (၃၂၉၄) ခုနှင့် နှာခေါင်းစီး (Mask) (၀ ဒသမ ၅) တန်အပါအဝင်
မူဆယ်၊ မြဝတီ၊
ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တမူး ကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ်(၃)စီးဖြင့်
(၅၉)တန်၊ အောက်ဆီဂျင် အရည်(အိုးဖြင့်) (၃၈) တန်၊ အောက်ဆီ ဂျင်ဓာတ်ငွေ့
(အိုးဖြင့်)(၁)တန်၊ အောက်စီဂျင်(အိုးခွံ)
(၈၉၁၀)၊ အိမ်သုံးအောက်ဆီဂျင်
စက်(Oxygen Concentrator) (၃၇၄၅) ခု၊ လက်အိတ် (၁)တန်နှင့်
နှာခေါင်းစီး (Mask) (၆၇) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ (၃၀)မှ ယာဉ်စီးရေ (၅၂)
စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်စီးရေ(၄၈၁)စီးဖြင့်
အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၄၅၇) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်)
(၈၉)တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့အိုးဖြင့် (၆၃)တန်၊ အောက်ဆီဂျင် (အိုးခွံ) (၅၆၇၉၀) ၊ Oxygen
Plant (၆)ခု၊ အောက်ဆီဂျင် (Generator) (၉)ခု၊အိမ်သုံး အောက်ဆီဂျင်စက် (Oxygen
Concentrator) (၄၅၉၃၄)ခု၊ Test
Kit (၁၄၁၆၄၂) ခု၊ PPE
(၂၈၀၉၃၂)စုံ၊ လက်အိတ် တန် (၄၀) နှင့်
နှာခေါင်းစီး (Mask) (၆၃၆) တန်၊ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ဇူလိုင်လအတွင်း ယာဉ်စီးရေ(၇၄၉)စီးဖြင့် အောက်ဆီဂျင်အရည်
(Bowser) ယာဉ်ဖြင့်
(၇၂၇) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၅၆၇) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့
(အိုးဖြင့်) (၁၁၄) တန်၊ အောက်ဆီဂျင်(အိုးခွံ)
(၄၀၄၉၁)ခု၊ အိမ်သုံးအောက်ဆီဂျင်စက်
(Oxygen Concentrator) (၆၉၁၄၆)ခု၊ Oxygen Plant (၈) ခု၊ Oxygen Generator (၁၁) ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက်
(၄)ခု၊ Test Kit (၃၂၂၈၇၈) ခု၊ နှာခေါင်းစီး (Mask)
(၁၁၀၄) တန် ၊ PPE (၁၈၂၉၇၅)စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊
ကုသရေးလုပ်ငန်းများအတွက် အရေး တကြီး လိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊
အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ
ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ် ကြေညာထားသည့် ဩဂုတ် ၉
ရက်မှ ၁၅ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း
နယ်စပ်ကုန်သွယ်ရေးစခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ
ပုံမှန် အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ
ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်ကုသရေးပစ္စည်းများ
တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP
များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး
အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်း ကုန်ရုံး(ရန်ကုန်)တို့မှ
အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း
ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း
စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ် ၈ ရက်နေ့စွဲဖြင့်
အသိပေးကြေညာချက်ထုတ်ပြန် ထားသည်။
စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ
ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေး အတွက် သက်ဆိုင် ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း
သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက်
ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact
Person) များနှင့် အသိပေးကြေညာ ချက်များကိုလည်း ဝန်ကြီးဌာန Website
ဖြစ်သည့် Commerce.gov.mm
တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက် ပေးထားကြောင်း သိရသည်။
(သတင်းစဉ်)









No comments