ဂျိုးဘိုင်ဒင်က နီကောလပ်စ်ဘန်းစ်အား တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြု
ဝါရှင်တန် ဩဂုတ်
၂၂
အမေရိကန်သမ္မတ
ဂျိုးဘိုင်ဒင်သည် ဟားဗတ်တက္ကသိုလ်၏ ပါမောက္ခနှင့် ဝါရင့်သံတမန် တစ်ဦးဖြစ်သူ
နီကောလပ်စ် ဘန်းစ်ကိုတရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ်
ခန့်အပ်ရန်ရည်ရွယ် ထားကြောင်း အိမ်ဖြူတော်က ဩဂုတ် ၂၁ ရက်နေ့က ပြောကြားသည်။
အသက် ၆၅
နှစ်အရွယ် နီကောလပ်စ်ဘန်းစ်သည် လတ်တလောအချိန်တွင် ဟားဗတ်တက္ကသိုလ်၏
ကနေဒီအစိုးရကျောင်း၌ နိုင်ငံတကာဆက်ဆံရေးဌာနတွင် ပါမောက္ခတစ်ဦးအဖြစ်
တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။
နီကောလပ်စ်ဘန်းစ်သည်
၎င်း၏ အစိုးရဝန်ထမ်း လုပ်သက် ၂၇ နှစ်ကာလ တစ်လျှောက်လုံးတွင် ဒီမိုကရက်တစ်နှင့်
ရီပတ်ဘလီကန် အစိုးရနှစ်ရပ်စလုံးတွင် အကြီးတန်းရာထူးတာဝန်များကို ထမ်းဆောင်ခဲ့ပြီး
၂၀၀၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာနတွင်
ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အဆိုပါရာထူးအဆင့်သည် နိုင်ငံခြားရေး
ဝန်ကြီးဌာနတွင် တတိယအမြင့်ဆုံးရာထူး အဆင့်ဖြစ်သည်။
နီကောလပ်စ်ဘန်းစ်သည်
၂၀၀၁ ခုနှစ် မှ ၂၀၀၅ ခုနှစ်အထိ နေတိုးဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ်လည်းကောင်း၊
ယင်းမတိုင်မီကအမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူနှင့်
ဂရိနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့အပြင်
နီကောလပ်စ်ဘန်းစ်သည် အမေရိကန်သမ္မတဟောင်းများ ဖြစ်ကြသည့် ဂျော့ဂျ်အိပ်ခ်ျဒဗလျူဘုရှ်နှင့်
ကလင်တန်လက်ထက်တွင် အိမ်ဖြူတော်ရှိ အမျိုးသား လုံခြုံရေး ကောင်စီတွင်လည်း
တာဝန်ထမ်းဆောင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင်
ဂျိုးဘိုင်ဒင်သည် ချီကာဂိုမြို့တော်ဝန်ဟောင်းနှင့် သမ္မတ အိုဘားမားလက်ထက်က
အိမ်ဖြူတော် ဝန်ထမ်းအကြီးအကဲဖြစ်သူ ရမ်းအီမာ နျူအယ်လ်ကိုလည်း ဂျပန်နိုင်ငံဆိုင်ရာ
အမေရိကန်သံအမတ်ကြီးအဖြစ် အဆိုပြု ထားကြောင်း သိရသည်။ သို့သော် ယင်းအဆိုပြုချက်
နှစ်ခုစလုံးကို အထက် လွှတ်တော်က အတည်ပြုရန် လိုအပ်မည် ဖြစ်သည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ

No comments