တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ချီလီနိုင်ငံ ထပ်မံလက်ခံရရှိ
ဆန်တီယာဂို ဩဂုတ်
၂၂
ချီလီနိုင်ငံသည်
တရုတ်နိုင်ငံ၏ ဆေးဝါးကုမ္ပဏီ Sinovac က
ထုတ်လုပ်သည့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို
ယမန်နေ့တွင် ထပ်မံ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ဩဂုတ် ၂၀ ရက်တွင်
ဆန်တီယာဂိုအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ Sinovac ကိုဗစ်-၁၉
ရောဂါ ကာကွယ်ဆေးများ ထပ်မံရောက်ရှိလာခဲ့ခြင်းကြောင့် ချီလီနိုင်ငံရှိ
ပြည်သူအများအပြားအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်တော့မည်ဖြစ်ကြောင်း
ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ပေါလာဒါဇာက ပြောကြားသည်။
ချီလီနိုင်ငံသည်
တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေးကို နိုင်ငံအတွင်း၌ အရေးပေါ်အသုံးပြုရန် ယခုနှစ်အစောပိုင်းတွင်
အတည်ပြုပေးခဲ့ပြီးနောက် အသက် ၁၈ နှစ်အထက် အသက်အရွယ်ရှိသူများအား
ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိတွင်
ချီလီနိုင်ငံသည် နိုင်ငံအသီးသီးမှ ( ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ စုစုပေါင်း
၃၁ ဒသမ ၄ သန်းကျော်လက်ခံရရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ချီလီနိုင်ငံ၌ ကိုဗစ်-၁၉
ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန် ရည်ရွယ်ထားသည့် ပြည်သူများ အနက်မှ ၈၄
ရာခိုင်နှုန်းအထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်စလုံး ထိုးနှံပေးပြီးဖြစ်ကြောင်း
ချီလီနိုင်ငံအစိုးရက ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် -
အလင်းသစ်

No comments