ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် အိမ်မဲမြို့နယ် ပြည်သူ့ဆေးရုံအတွက် အလှူငွေနှင့် ကိုဗစ်-၁၉ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းပေး
အိမ်မဲ
သြဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သြဂုတ် ၂၇ ရက် မွန်းလွဲ ၂ နာရီက အိမ်မဲမြို့နယ်
ပြည်သူ့ဆေးရုံအတွက် အလှူငွေနှင့် ကိုဗစ်-၁၉ လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်းပေးပြီး
အောက်ဆီဂျင်စက်ရုံ တည်ဆောက်နေမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား
ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဦးစွာ
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် အိမ်မဲမြို့နယ်
ခုတင်(၅၀) ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ဝန်ကြီးချုပ်က မြို့နယ်ပြည်သူ့ဆေးရုံအတွက်
PPE ဝတ်စုံ(၁၀၀)၊ RDT (test kid) (၃၀၀)ခု၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေ
(၅) သိန်းကျပ်တို့ကို လည်းကောင်း၊ ကိုဗစ်စင်တာများတွင် တက်ရောက်ကုသနေသော လူနာများအား
ကျွေးမွေးရန် အလှူငွေ ကျပ်သိန်းသုံးဆယ်တို့ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူအသီးသီးက
လက်ခံရယူခဲ့ကြောင်း သိရသည်။
ဆက်လက်၍
ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့မလူငယ်ဘောလုံးကွင်းအတွင်းရှိ အောက်ဆီဂျင်စက် ထားရှိမည့်နေရာ
တည်ဆောက်နေမှုတို့ကို စစ်ဆေးခဲ့ရာ မြို့နယ်အောက်ဆီဂျင်စက် ဖြစ်မြောက်ရေး ကော်မတီမှ
တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ
ပြန်/ဆက်)

No comments