ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် သက်သာသောဈေးနှုန်းများဖြင့် ကြက်၊ ဝက်၊ ဆိတ်နှင့် အမဲသားများ ရောင်းချ
ရန်ကုန် ဩဂုတ် ၂၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း
ပြည်သူများ စားဝတ်နေရေး
အဆင်ပြေ ချောမွေ့စေရန်နှင့်
အသားများကို သက်သာသော ဈေးနှုန်းများဖြင့်
ဝယ်ယူနိုင်စေရန် ရည်ရွယ်၍ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားများကို ရွေ့လျားမော်တော်ယာဉ်ဖြင့် ဩဂုတ် ၂၇ ရက် နံနက် ၇ နာရီက ရန်ကုန်အရှေ့ပိုင်းခရိုင်၊
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ တက္ကသိုလ်အိမ်ရာဝင်း
အတွင်းတွင် ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရင်ခွဲဌာန၏ စီစဉ်မှုဖြင့်
လာရောက် ရောင်းချပေးခဲ့ကြောင်း
သိရှိရသည်။
ထိုသို့ရောင်းချပေးရာတွင်
ကြက်သားတစ်ပိဿာ (၅၀၀၀) ကျပ်၊ ဆိတ်သားတစ်ပိဿာ (၁၆၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ (၁၈၀၀၀) ကျပ်နှင့်
အမဲသားတစ်ပိဿာ
(၁၆၆၀၀)
ကျပ် စသည့် စျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချရာနေရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်နိုင်ရေးအတွက်
မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးမျိုးသူ၏ ကြီးကြပ်မှုဖြင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့်
ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးတို့က ကူညီဆောင်ရွက်ပေးခဲ့ကြောင်း
သိရသည်။
မြို့နယ်(ပြန်/ဆက်)

No comments