ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ရွေ့လျားယာဉ်ဖြင့် ကွင်းဆင်းစစ်ဆေးပေး
ဆင်ပေါင်ဝဲ ဩဂုတ်
၂၈
မကွေးတိုင်းဒေသကြီး၊
ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီက
ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်
စစ်ဆေးခြင်းကို ရွေ့လျား Mobile ယာဉ်ဖြင့်
ဩဂုတ် ၂၇ ရက် နံနက် ၈ နာရီခွဲက ဆင်ပေါင်ဝဲမြို့နယ်
ဧကရာဇ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာအရောက် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ထိုသို့
ဆောင်ရွက်ရာတွင် ဆင်ပေါင်ဝဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်
တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ မြို့နယ် ပြန်/ဆက် ဦးစီးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များသည်
ဆင်ပေါင်ဝဲမြို့နယ် ဧကရာဇ်ကျေးရွာရှိ ဒေသခံပြည်သူ (၆၄) ဦးအား ကိုဗစ်-၁၉ ရောဂါပိုး
ရှိ/မရှိ RDT Test Kit စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ရာ
ပိုးတွေ့သူ (၉) ဦးရှိကြောင်းနှင့် အဆိုပါပိုးတွေ့သူများကို
ဆင်ပေါင်ဝဲမြို့ မဟာစည်ဘုန်းတော်ကြီးကျောင်း Quarantine Centre တွင် သီးသန့်ထားရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးထံမှ သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း
ကိုဗစ်-၁၉ ရောဂါ ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ
ဖြစ်ပွားမှုများသော ကျေးရွာများသို့ ရွေလျား Mobile ယာဉ်ဖြင့်
RDT Test Kit စစ်ဆေးဆောင်ရွက်ခြင်းများအပြင် Mask
Campaign ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း
(Mask) များ အခမဲ့ ဖြန့်ဝေပေးခြင်း
လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချိုချိုဝင်း(ဆင်ပေါင်ဝဲ)


No comments