လိဒ်ယူနိုက်တက်ကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး မန်ယူအသင်း ပရီမီယာလိဂ်ရာသီ အဖွင့်လှခဲ့
ဩဂုတ်
၁၅
မန်ယူအသင်းဟာ ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီရဲ့ ပရီမီယာလိဂ်အဖွင့်ပွဲစဉ်အဖြစ်
ဩဂုတ် ၁၄ ရက်(စနေနေ့) ညပိုင်းက လိဒ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစား ခဲ့ရာ မန်ယူအသင်းက
လိဒ်ယူနိုက်တက် အသင်းကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ရာသီအဖွင့်လှခဲ့ပြီဖြစ်ပါတယ်။
အဲဒီပွဲစဉ်မှာ မန်ယူအသင်းအတွက် သွင်းဂိုးတွေကို ကွင်းလယ်ကစားသမား
ဘရူနိုဖာနန်ဒက်စ်က ပွဲကစားချိန် မိနစ် ၃၀၊ ၅၄ မိနစ် နဲ့ မိနစ် ၆၀ တို့မှာ ဟက်ထရစ်ဂိုးသွင်းယူခဲ့ပြီး
ပွဲကစားချိန် ၅၂ မိနစ်မှာ ဂရင်းဝုဒ်က တစ်ဂိုးနဲ့ ပွဲကစားချိန် ၆၈ နှစ်မှာ ဖရက်ဒ်တို့က
သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လိဒ်ယူနိုက်တက် အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန်
၄၈ မိနစ်မှာ အေလိုင်းက သွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။ ။
ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ အခုပွဲစဉ်မှာ ဟက်ထရစ်သွင်းဂိုး
သွင်းယူနိုင်ခဲ့ခြင်းဟာ မန်ယူ အသင်းကို ရောက်ရှိလာခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလနောက်ပိုင်း
မန်ယူအသင်းနဲ့အတူ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်သွင်းဂိုးလည်းဖြစ်ပါတယ်။
မန်ယူအသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့
ပရီမီယာလိဂ်ပွဲစဉ်(၁)မှာ မန်ယူအသင်းအတွက် ဂိုးဖန်တီးမှုအများဆုံး ကစားသမားကတော့ ကွင်းလယ်ကစားသမားပေါ့ဘာဖြစ်ပြီး
မန်ယူအသင်းရရှိခဲ့တဲ့ သွင်းဂိုးငါးဂိုးမှာ လေးဂိုးအထိ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။
။
၂၀၂၁-၂၀၂၂ ဘောလုံးရာသီရဲ့ ပရီမီယာလိဂ်ပြိုင်ပွဲအဖွင့်ပွဲစဉ်
အဖြစ် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘရန်းဖို့ဒ်အသင်းနဲ့ အာဆင်နယ်အသင်းတို့
ပွဲစဉ်မှာတော့ ဘရန်းဖို့ဒ်အသင်းက အာဆင်နယ်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဩဂုတ် ၁၄ ရက်ညပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်
ပွဲစဉ်တွေမှာတော့ ချယ်လ်ဆီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ အဲဗာတန်အသင်းက
ဆောက်သမ်တန်အသင်းကို သုံးဂိုး-တစ်ဂိုး၊ ဝက်ဖို့ဒ်အသင်းက အက်စ်တွန်ဗီလာအသင်းကို သုံးဂိုး-နှစ်ဂိုး၊
လက်စတာစီးတီးအသင်းက ဝုလ်ဗက်အသင်းကို တစ်ဂိုးဂိုးမရှိ၊ ဘရိုက်တန်အသင်းက ဘန်လေအသင်းကို
နှစ်ဂိုး-တစ်ဂိုးနဲ့ အသီးသီးအနိုင်ရရှိခဲ့ကြသလို
လီဗာပူးအသင်းက နော့ဝှစ်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပါတယ်။
ငွေကြယ်

No comments