ယူဂန္ဓာနိုင်ငံ၌ ဆေးဘက်ဆိုင်ရာကျောင်းများ ပြန်လည်ဖွင့်လှစ်
ကမ်ပါလာ ဩဂုတ် ၁၅
ယူဂန္ဓာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရာတွင် ပါဝင်ဆောင်ရွက်နေသည့်
နိုင်ငံ၏ ကျန်းမာရေးဝန်ထမ်း အရေ အတွက်ကို မြှင့်တင်ရန် ကြိုးပမ်းသည့်အနေဖြင့် ဆေးဘက်ဆိုင်ရာကျောင်းများကို
သြဂုတ် ၁၃ ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။
ယူဂန္ဓာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာခြင်းကြောင့်
ဇွန် ၁၈ ရက်တွင် ကျောင်းများနှင့် တက္ကသိုလ်များအားလုံးကို ပိတ်ထားခဲ့ပြီးနောက် ပညာရေးနှင့်
အားကစားဝန်ကြီးဌာနက ကျန်းမာရေး သင်တန်းများကိုပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားခဲ့ကြောင်း
သိရသည်။ ယူဂန္ဓာနိုင်ငံ သမ္မတမူဆီဗီနီကလည်း ကျန်းမာရေးသင်တန်းများ ကို ပြန်လည်ဖွင့်လှစ်သင့်ကြောင်းနှင့်
ကျောင်းသားဦးရေကို ၃၃ ရာခိုင်နှုန်းသာ ခွင့်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။
ကာဘာလီသူနာပြုသင်တန်းကျောင်း ၌ ကျောင်းသားဦးရေ ၉၀၀ ရှိသည့်
အနက် လက်ရှိတွင် ကျောင်းသား ၃၆၀ သာလျှင် လာရောက်ပညာသင်ကြားခွင့်ပြုထားကြောင်း အဆိုပါကျောင်းမှ
နည်းပြဆရာ တစ်ဦးဖြစ်သူကာဂီဇီက ဆင်ဟွာ သတင်းဌာနသို့ ဆက်သွယ် ပြောကြားခဲ့သည်။
အခြားသော ကျောင်းများ၊ သင်ကြားရေးဌာနများနှင့် ဝတ်ပြုရာနေရာများအား
ပိတ်ထားဆဲဖြစ်ပြီး အများပြည်သူစုဝေးခွင့်နှင့်ဖျော်ဖြေရေးနေရာများကိုလည်း ပိတ်ထားဆဲဖြစ်ကြောင်း
သိရသည်။
ယူဂန္ဓာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း
၉၆၄၉၇ ဦး၊ ကိုဗစ်-၁၉ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၉၄၀၃၉ ဦးနှင့် ကိုဗစ်-၁၉
ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂၈၅၆ ဦးရှိကြောင်း ယူဂန္ဓာကျန်းမာရေး ဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ
သိရသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်

No comments