ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းရှင်းလင်း ဆောင်ရွက်
ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်းတွင် သစ်ပင်လဲကျ၍ လမ်းပိတ်ဆို့နေမှုအား မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းရှင်းလင်း ဆောင်ရွက်
ညောင်ဦး စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ညောင်ဦး-ကျောက်ပန်းတောင်းသွား
ကားလမ်းတွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဘော်စကိုင်းသစ်ခြောက်ပင် လဲကျပြီး ကားလမ်းပိတ်ဆို့နေသဖြင့် ခရီးသွားပြည်သူများ သွားလာရာတွင်
အခက်အခဲများ
ကြုံတွေ့နေရကြောင်း
သိရသဖြင့်
ယနေ့ နံနက် ၆ နာရီခွဲက ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းစွာ
သွားလာနိုင်ရေး
သွားရောက်ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပြည်သူများ စိတ်အေးချမ်းစွာ သွားလာနိုင်ရေးအတွက် ကားလမ်းမပေါ် လဲကျသည့် ဘော်စကိုင်းသစ်ခြောက်ပင်အား မီးသတ်တပ်ဖွဲ့ဝင်များက စနစ်တကျ ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပြီး သစ်ခြောက်ပင်လဲကျမှုကြောင့် အခြား လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံမှ သိရသည်။
ရဲဝင်းနိုင်(ညောင်ဦး)
No comments