ဟုမ္မလင်းမြို့နယ်အတွင်းရှိ ဒေသခံ (၂၂၈)ဉီးအား ကျန်းမာရေး စစ်ဆေးမှု ဆောင်ရွက်ပေး
ဟုမ္မလင်း စက်တင်ဘာ ၅
ဟုမ္မလင်းမြို့ ဟုမ္မလင်းရပ်ကွက် ခိုပဲဝရပ်ကွက်နှင့် ညောင်ပင်သာကျေးရွာနေ ဒေသခံပြည်သူများတွင် ကိုဗစ်၁၉
ရောဂါပိုး ကူးစက်မှုနှုန်း များပြားလာသည့်အတွက် စက်တင်ဘာလ
(၅)
ရက်နေ့ နံနက် (၁၀)
နာရီအချိန် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများက ကျန်းမာရေး စစ်ဆေးဆောင်ရွက်ပေးမှုကို ပူးပေါင်းဆောင်ရွက် ပေးခဲ့ကြောင်း
သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုနှုန်းများပြားခဲ့သည့် ဟုမ္မလင်းရပ်ကွက် ခိုပဲဝရပ်ကွက်နှင့်
ညောပင်သာကျေးရွာ တို့တွင်နေထိုင်သည့် လူဉီးရေ(၂၂၈)ဉီး အားသက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များက ကျန်းမာရေး
စစ်ဆေးဆောင်ရွက်ပေးခဲ့ရာ ဟုမ္မလင်းမြို့ ဟုမ္မလင်းရပ်ကွက်နှင့်ခိုပဲဝရပ်ကွက်နေ ဒေသခံ အမျိုးသမီးနှစ်ဉီးထံမှ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိသူ
အမျိုးသမီးနှစ်ဉီးအား ကိုဗစ်ရောဂါပိုး ကုသရေးစင်တာသို့ ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင်
စက်တင်ဘာလ( ၁) ရက်နေ့ထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း (၁၆၆၅)ဦးရှိပြီး သေဆုံးသူစုစုပေါင်း (၈၃)ဦးနှင့် ဆေးရုံ တက်ရောက်ကုသမှု ခံယူနေသူ (၄၅)
ဦး ရှိကြောင်း သိရသည်။
ချန်လော (ဟုမ္မလင်း)
No comments