ဝါးခယ်မမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ်(၁၃)လုံး ပြောင်းရွှေ့
ဝါးခယ်မ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ဟင်္သာဒုံးကျေးရွာအုပ်စု၊ ဟင်္သာဒုံးကျေးရွာတွင် ယနေ့ နံနက် ၁၀ က ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားသဖြင့် နေအိမ် (၁၃)လုံးပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်
မြစ်ကမ်းပါး အရှည်(၅၀)ပေ၊ အကျယ်(၃၀) ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ၊ တိရိစ္ဆာန်နှင့်
အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင်နေထိုင်သော လူနေအိမ် (၁၃)လုံးနှင့်
မိသားစုဝင် ကျား(၂၂)ဦး၊ မ(၃၃)ဦး၊ စုစုပေါင်း(၅၅)ဦးအား ရွှေလောင်း နယ်မြေရဲစခန်းမှ
ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသားများက ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။
စောသန္တာဦး(ဝါးခယ်မပြန်/ဆက်)

No comments