မိုင်းကိုင်မြို့နယ် ကျေးလက်ကျန်းမာရေးဌာနနှင့် မြို့နယ်ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးပစ္စည်းကိရိယာများလှူဒါန်း
မိုင်းကိုင် စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ကုသရေးအတွက် ဆေးနှင့် ဆေးပစ္စည်းကိရိယာများ၊ အစာအာဟာရများကို စေတနာရှင်အလှူရှင်များက နေ့စဉ်လာရောက် လှူဒါန်းပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် Saing Li C၀.Ltd မှ ဆေးပစ္စည်းကိရိယာများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုတွင် တုံလောကျေးရွာအုပ်စု
ကျေးလက်ကျန်းမာရေးဌာနသို့ အောက်စီဂျင်အိုး 40 L နှင့် Flow Meter ၅ စုံ၊ PPE Level-2 ၂၀ စုံ ၊ PPE Level-3
၂၀ စုံ ၊ N95 3M 1860 Mask ၂၀ ခု ၊
3Ply Surgical Mask ၃၀ ဘူး၊ Covid-19 Test Kit (China) စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၉၉၄၀၀၀
ကိုလည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံ အတွက် အောက်စီဂျင်အိုး 40L နှင့် Flow
Meter ၁၀ စုံ၊ PPE Level-2 ၈၀ စုံ ၊ PPE Level-3
၈၀ စုံ ၊ N95 3M 1860 Mask ၈၀ ခု ၊
3Ply Surgical Mask ၁၂၀ ဘူး ၊ Surgical Glove 6 ½ ၁၀၀စုံ ၊ Covid-19 Test Kit (China) တစ်ဖာ စုစုပေါင်းတန်ဖိုး ငွေကျပ် ၅၄၅၁၀၀၀ ကိုလည်းကောင်း
လာရောက်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးအောင်စိုးဦးနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းထွန်းလှိုင်းတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း
သိရသည်။
(မြို့နယ် ပြန်/ဆက်)

No comments