မြို့သစ်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်း ၁၉၂ ကျောင်းဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ

 





မြို့သစ်   ဒီဇင်ဘာ   ၂၉


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ အခြေခံပညာကျောင်း ၁၉၂ ကျောင်း ဖွင့်လှစ်ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်းများကို နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ တက်ရောက် ပညာသင်ကြားလျက်ရှိသည်။ အဆိုပါ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် မြို့သစ်မြို့နယ်မှ အခြေခံပညာ အထက်တန်းကျောင်း ၁၁ ကျောင်း၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ ၁၈ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၃၀၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ၂၉ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၅၄ ကျောင်း၊ အခြေခံပညာ မူလတန်းလွန်ကျောင်း ၄၀၊ အမကခွဲ ရှစ်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း နှစ်ကျောင်း စုစုပေါင်း အခြေခံပညာ ၁၉၂ ကျောင်းတို့မှ ကျောင်းသား ကျောင်းသူများက အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။


သန်းဝင်းထွန်း(ပြန်/ဆက်)

No comments

Powered by Blogger.