ပန်းတနော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ


ပန်းတနော် ဒီဇင်ဘာ ၂၉


ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ကျေးရွာအုပ်စု (၈)အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးလျက်ရှိသည်။


ပန်းတနော်မြို့နယ်တွင် တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရေးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက် ရှိရာ စပါးတစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀) နှုန်း၊ ပဲသီးနှံတစ်ဧကလျှင် ငွေကျပ် (၁၀၀၀၀၀) နှုန်းဖြင့် ထုတ်ချေး ပေးလျက်ရှိပြီး  ကညင်ကုန်းကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာအုပ်စု၊ သရက်ငူ​ကျေးရွာအုပ်စု၊ ဓနော်ကျေးရွာအုပ်စု၊ ကျုံတုန်းကလေးကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကပိုင်ကျေး​ရွာအုပ်စုနှင့် မရမ်းကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု(၈) အုပ်စုတို့ရှိ တောင်သူဦးရေ (၃၀၀)ဦး၊ ဆောင်းသီးနှံစိုက်ပျိုးဧက (၂၀၀၀) ဧကကျော်တို့အား စိုက်ပျိုးရေးစရိတ်ချေးငွေ ကျပ်သိန်း (၃၀၀၀) ခန့် ထုတ်ချေးပေးလျက်ရှိကြောင်း ပန်းတနော်မြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။

(မြို့နယ် ပြန်/ ဆက်)

No comments

Powered by Blogger.