နမ္မတူ၌ အသက် ၁၈ နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၂၂၀ အား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံ

 







နမ္မတူ   ဒီဇင်ဘာ   ၂၉


ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက်က ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ အသက် ၁၈ နှစ်နှင့်အထက် တိုင်းရင်းသား ပြည်သူ ၂၂၀ အား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။


ထိုသို့ မြို့နယ်အတွင်းရှိ အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် အသက် ၁၈ နှစ်နှင့်အထက် တိုင်းရင်းသား ပြည်သူများ၊ ကိုယ်ဝန်ဆောင် မိခင်နှင့် နို့တိုက်မိခင်များအား အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသာပတေးနေ့တိုင်းတွင် ပထမအကြိမ် ကိုဗစ် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။


နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းအထိ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၅၅၃၉ ဦး၊ ကျောင်းသား ကျောင်းသူ ၉၀၂ ဦး၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၇၁၉၆ ဦးနှင့် ကျောင်းသား ကျောင်းသူ ၂၀၀ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးသည့် တိုင်းရင်းသားပြည်သူများနှင့် ကျောင်းသား ကျောင်းသူ ၁၃၈၃၇ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။


လူမော်(ပြန်/ဆက်)

No comments

Powered by Blogger.