ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း အမှတ်စဉ် (၇/၂၀) ဖွင့်ပွဲကျင်းပ
ကျောက်ဖြူ ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (PPTT) အမှတ်စဉ် (၇/၂၀) ဖွင့်ပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျောက်ဖြူ ပညာရေးဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ ကျောက်ဖြူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲလင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက “အနာဂတ်နိုင်ငံတော်အတွက် လိုအပ်သည့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာအောင် ဆရာ၊ ဆရာမများက ကြိုးပမ်းဆောင်ရွက်ပေးကြရန” ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) သင်တန်းကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၄၂၇ ဦးတို့ တက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဒီဇင်ဘာ ၁၅ ရက်မှ ဖေဖော်ဝါရီ ၄ ရက်အထိ နှစ်လကျော်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)
No comments