နောင်ချိုမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
နောင်ချို ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲ၌ လွတ်လပ်ရေးနေ့ဒို့မမေ့ ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်၍ ဆုများ ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ နိုင်ငံ့ခေါင်းဆောင် ကြီးများ၏ လွတ်လပ်ရေးကြိုးပမ်းမှုများကို သိရှိနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့ ပြိုင်ပွဲများကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စာစီစာကုံးပြိုင်ပွဲသာမက ကျောင်းတွင်း အားကစားပြိုင်ပွဲ များကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း တာဝန်ခံကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)
No comments