ရပ်စောက်မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်

 






ရပ်စောက်   ဒီဇင်ဘာ   ၂၉


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက အလည်ချောင်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးလက်နေ ပြည်သူများအား ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အလည်ချောင်ကျေးရွာအုပ်စု၊ ဆင်သေကျေးရွာနှင့် တောင်ကွေးကျေးရွာတို့တွင် ပြည်သူ ၂၀၁ ဦးအား နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးခဲ့ပြီး အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးရာတွင်  ပြည်သူများအနေဖြင့် မိမိတို့မွေးဖွားရာ ဇာတိမြေတွင် အမြဲနေထိုင်ကာ အိမ်ထောင်စုလူဦးရေပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုစာရင်း မရှိသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ပြုလုပ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရဲထက်ဦး(ပြန်/ဆက်)

No comments

Powered by Blogger.