(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ ကျင်းပ

 





နေပြည်တော်   ဒီဇင်ဘာ   ၂၉


နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းကျေးရွာအုပ်စု၊ ရွှေသင်ဖြူးကျေးရွာ မူလတန်းလွန်ကျောင်း၌ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် ရွှေသင်ဖြူးကျေးရွာ မူလတန်းလွန်ကျောင်းမှ ကျောင်းသားများက တစ်သင်းလျှင် ရှစ်ဦးနှုန်းဖြင့် လေးသင်းခွဲ၍ ပတ်လည်ယှဉ်ပြိုင်ကစားကြကြောင်း သိရသည်။ “လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျောင်းမှာရှိတဲ့ ကျောင်းသား ကျောင်းသူလေးတွေနဲ့ပဲ ဘောလုံးပြိုင်ပွဲ ကျင်းပပေးတာ ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတွေကို လွတ်လပ်ရေးနေ့လို နေ့ထူးနေ့မြတ်ကို အမြဲသိရှိနေပြီး မှတ်မှတ်ရရဖြစ်နေရန်နဲ့ လွတ်လပ်ရေးကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်ပါတယ်” ဟု ရွှေသင်ဖြူးကျေးရွာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး၏ ပြောပြချက်အရ သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.