ပန်းတနော်မြို့နယ်၌ တောင်သူများအား ဆောင်းသီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေး

 






ပန်းတနော်   ဒီဇင်ဘာ   ၂၉


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ် ချေးငွေများ ထုတ်ချေးပေးခြင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ကျေးရွာအုပ်စု ရှစ်အုပ်စုရှိ တောင်သူများအား ထုတ်ချေးပေးလျက် ရှိသည်။


ပန်းတနော်မြို့နယ်တွင် တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးရေးစရိတ် ချေးငွေများကို ထုတ်ချေးပေးလျက် ရှိရာ စပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်း၊ ပဲသီးနှံတစ်ဧကလျှင် ငွေကျပ် ၁၀၀၀၀၀ နှုန်းတို့ဖြင့် ထုတ်ချေးပေးလျက်ရှိပြီး ကညင်ကုန်းကျေးရွာအုပ်စု၊ ကညင်ငူကျေးရွာအုပ်စု၊ သရက်ငူ​ကျေးရွာအုပ်စု၊ ဓနော်ကျေးရွာအုပ်စု၊ ကျုံတုန်းကလေးကျေးရွာအုပ်စု၊ အိုးဘိုကျေးရွာအုပ်စု၊ ကပိုင်ကျေး​ရွာအုပ်စုနှင့် မရမ်းကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု ရှစ်အုပ်စုတို့ရှိ တောင်သူ ၃၀၀ အား ဆောင်းသီးနှံစိုက်ပျိုးဧက ၂၀၀၀ ကျော်အတွက် စိုက်ပျိုးရေး စရိတ်ချေးငွေ ကျပ်သိန်း ၃၀၀၀ ခန့် ထုတ်ချေးပေးလျက်ရှိကြောင်း ပန်းတနော်မြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မောင်ဝင်းထံမှ သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.