ယီမင်နိုင်ငံ၌ အကြမ်းဖက်မှုများ မြင့်တက်လာခြင်းသည် အဆိုးဆုံးဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးသံတမန်ပြော
ဂျီနီဗာ ဒီဇင်ဘာ ၃၀
ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏
အထူးသံတမန် ဟန်းဂရန့်ဒ်ဘာ့ဂျ်က ယီမင်နိုင်ငံတွင် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းသည်
မကြာသေးမီနှစ်များအတွင်း အဆိုးဆုံးဖြစ်ကြောင်းနှင့် အရပ်သားများကို ပစ်မှတ်ထားမှုများ
မြင့်တက်လာကြောင်း ပြောကြားလိုက်သည်။ ဆာနားလေကြောင်းတိုက်ခိုက်မှုသည် အရပ် သားများကို
သေစေသည့်ရလဒ်များ ထွက်ပေါ်လာခဲ့ကြောင်းနှင့် အဆောက်အအုံများ ပျက်စီးခဲ့ကြောင်း ၎င်းက
ပြောသည်။
မာရစ်ကို ဆက်လက်ထိုးစစ်ဆင်
တိုက်ခိုက်မှုများကြောင့် စက်တင်ဘာလကတည်းမှစကာ လူပေါင်း ၃၅၀၀၀ ထက်မနည်း ထွက်ပြေးနေကြရသည်။
ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကို အဆက်မပြတ် ဒုံးကျည်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးမှုများ
ဖြစ်ပွားခဲ့သည်။ ထို့အတူ ပြည်သူပိုင်ပစ္စည်းများ ဆုံးရှုံးခဲ့သည်။
ထို့အပြင် ဆော်ဒီအာရေဗျကို
ဆန့်ကျင်တိုက်ခိုက်မှုများကို စိုးရိမ်ကြောင်း ၎င်းက ဖော်ပြခဲ့သည်။ ယင်းတိုက်ခိုက်မှု
များသည် အရပ်သားသေဆုံးမှုများကိုဖြစ်စေပြီး အဆောက်အအုံများ ပျက်စီးစေခဲ့ကြောင်း ၎င်းက
ဆက်လက် ပြောကြားသည်။
အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို
မည်သည့်နည်းနှင့်မဆို ပစ်မှတ်ထားတိုက်ခိုက်နေမှုများသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ
ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်သောကြောင့် ချက်ချင်းရပ်တန့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောထားသည်။
ဆင်ဟွာ
No comments