ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် အလုပ်သမားဆေးရုံကြီး(မန္တလေး)ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ
မန္တလေး ဒီဇင်ဘာ ၂၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာ ဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် အလုပ်သမား ဆေးရုံကြီး (မန္တလေး) အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီး၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက “အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေး စီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ကျန်းမာရေး ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် လိုကြောင်း၊ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းများ အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် လိုအပ်သည့် အခန်းကဏ္ဍများတွင် ပါဝင်ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်း၊ လူနာကုသရေးလုပ်ငန်း၊ ဆေးရုံသုံး ပစ္စည်းများ ပြင်ဆင်ထိန်းသိမ်းခြင်း၊ သက်တမ်းလွန်/ လေလွင့်ဆေးများ မဖြစ်စေရန် စီမံခြင်း၊ ဆေးရုံလုံခြုံရေး အလေးထားဆောင်ရွက်ရန် လိုကြောင်း။
လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် ဌာနတစ်ခုဖြစ်စေရန် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သည့် ကောင်းမွန်သော ဆေးကုသမှု ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်နှင့် ယခုထက်ပိုမိုထိရောက်အောင် ဆောင်ရွက်ပေးနိုင်ရန်လို အပ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ခေတ္တဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး နှာခေါင်းစည်း (Mask)များ ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာနသို့ လာရောက်ပြသသည့် ပြင်ပလူနာများအား နှုတ်ဆက်အားပေးပြီး ဆေးဝါးကုသပေးနေမှုများ၊ အတွင်းလူနာ ကုသပေးသည့် ကုသဆောင်များ၊ ကိုဗစ်-၁၉ စောင့်ကြည့်လူနာများထားရှိသည့် ကုသဆောင်များနှင့် ပြင်ပလူနာဌာနများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments