မိုင်းယောင်းမြို့နယ် ကျေးရွာများ၌ အိမ်နံပါတ်၊ လမ်းအမည်များ သတ်မှတ်နိုင်ရေး ဆောင်ရွက်
မိုင်းယောင်း ဒီဇင်ဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ကျေးရွာများ၌ အိမ်နံပါတ်၊ လမ်းအမည်များ သတ်မှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများအား အိမ်နံပါတ်၊ လမ်းအမည်များ သတ်မှတ်နိုင်ရေး Pilot Project အနေဖြင့် တစ်အုပ်စုလျှင် တစ်ရွာဖြင့် လုပ်ဆောင်နေကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
စိုင်းအောင်ဇော်လင်း
No comments