မိုင်းဖြတ်မြို့နယ်၌ တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်းအတွက် ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းများ ဆောင်ရွက်


မိုင်းဖြတ် ဒီဇင်ဘာ ၃၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်းအတွက် ရေပိုက်သွယ်တန်းခြင်း ဆောင်ရွက်နေမှု အခြေအနေများကို ဒီဇင်ဘာ ၃၀ ရက်က မြို့နယ် တည်ဆောက်ရေးကော်မတီအဖွဲ့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့စစ်ဆေးရာတွင် မြို့နယ်တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးစိုင်းအေးမင်း၊ တာဝန်ခံအင်ဂျင်နီယာ ဒေါ်ရည်မွန်သန့်နှင့် တာဝန်ရှိသူများက   တိုးချဲ့ရေဖြန့်ဝေရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။


အဆိုပါလုပ်ငန်းကို တင်ဒါအောင်မြင်ခဲ့သည့် တော်ဝင်မိုင်းဖြတ်နဂါးကုမ္ပဏီမှ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်၊ ဒုတိယ သုံးလပတ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ‌ငွေ ငွေကျပ်(၁၀)သန်းဖြင့် ၄ လက်မပိုက်၊ ရေပိုက်သွယ်တန်းအရှည် (၃၅၀၀)ပေ အတိုင်းအတာရှိ လုပ်ငန်းဖြစ်ပြီး ယခင်က(နမ့်ဆန်) မြို့ ရေဖြန့်ဝေရေးလုပ်းငန်းတွင် ရေတိုင် (၉၀)ရှိပြီး ယခုဆောင်ရွက်သည့်လုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ရေတိုင်(၆၀) ခန့်တိုးမြှင့်ဖြန့်ဝေးပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

No comments

Powered by Blogger.