ဖောင်းပြင်မြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကျောင်းတွင်းအားကစား ပြိုင်ပွဲများကျင်းပ
ဖောင်းပြင် ဒီဇင်ဘာ ၂၉
စစ်ကိုင်တိုင်းဒေသကြီး၊ ဖောင်းပြင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကျောင်းအားကစားပြိင်ပွဲများကို ဒီဇင်ဘာ ၂၇ ရက်က စတင်ကျင်းပခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲတွင် လွန်ဆွဲပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲ၊ မီတာ ၁၀၀ လက် ဆင့်ကမ်းအပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ မီးထွန်းပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၁၀၀ အပ်နှဖားထိုး ပြိုင်ပွဲ၊ မီတာ ၁၀၀ အာလူးကောက်ပြိုင်ပွဲ၊ မီတာ ၅၀ ဂုန်နီအိတ်စွပ်ပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပရာ Grade-6၊ Grade-10၊ Grade-11 ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ကြသည်။
အလားတူ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌လည်း အားကစားပြိုင်ပွဲများကို ကျင်းပ လျက်ရှိပြီး ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၂ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီး ဦးမြင့်မောင်ထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)
No comments