စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြာင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပ
နေပြည်တော် ဒီဇင်ဘာ ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြာင်းဝန်ကြီးဌာန ဝန်ထမ်းများ၏ ပထမအကြိမ် ဘောလုံး အားကစား ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၈ ရက်က နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေး သုတေသန ဦးစီးဌာန ဘောလုံးကွင်း၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြာင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး တက်ရောက် အမှာစကား ပြောကြားသည်။
ထို့နောက် ပထမပွဲစဉ်အဖြစ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့ ယှဉ်ပြိုင်ကြရာ ဒုတိယဝန်ကြီးက စပေးဘောလုံးကိုကန်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ပြည်ထောင်စုဝန်ကြီးဖလား ပထမအကြိမ် ဘောလုံးအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဦးစီးဌာနကိုယ်စားပြု အသင်းများက အုပ်စုအလိုက် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ထူးချွန်မှုများအလိုက် ဆုများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြာင်းဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အရာထမ်း၊ အမှုထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း အားကစားသမားများ တက်ရောက်ကြသည်။
သတင်းစဉ်
No comments