ညောင်ဦးမြို့နယ်တွင် အိုမီခရွန်နဲ့ တခြားဗီဇပြောင်းပိုးများအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ
ညောင်ဦး ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းပိုး အိုမီခရွွန်နဲ့ တခြားဗီဇပြောင်း ပိုးများအကြောင်းသိကောင်းစရာ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီခွဲမှစတင်ပြီး ညောင်ဦးမြို့နယ်အတွင်း နေရာလေးနေရာခွဲ၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား ညောင်ဦးမြို့နယ်၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့် ဦးဆောင်ကာ ဌာနဆိုင်ရာများမှ ညောင်ဦး-ကျောက်ပန်းတောင်း နှစ်လမ်းသွားလမ်းမကြီးတွင် ဖြတ်သန်းသွား လာကြသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်များပေါ်ပါ ပြည်သူများအား လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ မဏိစည်သူဈေးရှိ ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဘုန်းစဉ် အခွန်လွတ်ဈေးနှင့်် ပုဂံမြို့သစ်ဈေးကြီးရှိ ဈေးရောင်းဈေးဝယ်များအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း နှင့် Mask မတပ်ဆင်သည့်ဈေးဆိုင်များကို ဈေးမဝယ်ကြရန်၊ အပြင်ထွက်တိုင်း Mask တပ်ဆင်သွားလာကြရန် တို့ကို ဟန်းစပီကာများဖြင့် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကိုထိန်၊KPD
No comments