မြန်မာအမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း အိန္ဒိယကလပ် ဂိုကူလမ်အသင်းတွင် ခြေစွမ်းပြ ဂိုးသွင်းယူနေ
ရန်ကုန် ဒီဇင်ဘာ ၂၉
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတိုက်စစ်မှူး
ဝင်းသိင်္ဂီထွန်းသည် အိန္ဒိယကလပ် ဂိုကူလမ်အသင်း တွင် ခြေစွမ်းပြကာ ဂိုးများသွင်းယူလျက်ရှိသည်။
အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုလလယ်ပိုင်းတွင် စတင်ကျင်းပလျက်ရှိပြီး ဝင်းသိဂီထွန်းသည်
ခြေစွမ်းပြကာ ဂိုးများသွင်းယူနေခြင်းဖြစ်သည်။ ဂိုကူလန် အသင်းသည် ဝင်းသိင်္ဂီထွန်းကို
နှစ်လစာချုပ်ဖြင့် စတင်ခေါ်ယူခဲ့သော်လည်း ပြည်တွင်းလိဂ်ပြိုင်ပွဲများ အတွက် ဧပြီလကုန်အထိ
စာချုပ်သက်တမ်း ထပ်မံတိုးမြှင့်ထားခြင်းဖြစ်သည်။ ဝင်းသိင်္ဂီထွန်းသည် ဂိုကူလန်အသင်းသို့
စတင်ရောက်ရှိချိန်တွင် အထိုင်ကျရန် ရုန်းကန်ခဲ့ရသော်လည်း လက်ရှိတွင် အသင်း နှင့် အထိုင်ကျနေပြီဖြစ်ပြီး
ခြေစွမ်းပြကာ ဂိုးများသွင်းယူလျက်ရှိသည်။ ဂိုကူလမ်အသင်းသည် ဝင်းသိင်္ဂီထွန်းကို နိုဝင်ဘာ
၇ ရက်မှ ၁၂ ရက်အထိကျင်းပသည့် အာရှအမျိုးသမီးကလပ်ပြိုင်ပွဲအတွက် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး
စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဝင်းသိင်္ဂီထွန်းသည် မြန်မာအမျိုးသမီးဘောလုံးသမားများတွင်
ပထမဆုံး ပြည်ပထွက်ကစားသူဖြစ်ပြီး ပြည်ပနိုင်ငံများတွင် သွားရောက်ကစားခွင့်ရရှိခြင်းကြောင့်
အတွေ့အကြုံပိုင်းအပါအဝင်များစွာ တိုးတက် လာဖွယ်ရှိနေသည်။
ရဲရင့်လွင်
No comments