blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / အားကစား / BAD BLOOD အမည်ရ MMA  ပြိုင်ပွဲတွင် ထီရယ်လ်ထန်၏ပွဲစဉ် ပါဝင်မည်

    BAD BLOOD အမည်ရ MMA  ပြိုင်ပွဲတွင် ထီရယ်လ်ထန်၏ပွဲစဉ် ပါဝင်မည်

    Myanmar Digital News January 22, 2022 0

     

    ဇန်နဝါရီ  ၂၃

    ONE Championship က BAD BLOOD အမည်ရ MMA  ပြိုင်ပွဲတွင် မြန်မာကစားသမား ထီရယ်လ်ထန်၏ပွဲစဉ် ပါဝင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပမည်ဖြစ်သည်။

    ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၃ ဆိုင်း ပါဝင်မည်ဖြစ်ပြီး မြန်မာကစားသမား ထီရယ်လ်ထန်သည် အင်ဒိုနီးရှားကစားသမား ဆူနိုတိုနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ယခုနှစ်အတွင်း ပထမဆုံးပွဲစဉ်အဖြစ် အင်ဒိုနီးရှားဖိုက်တာနှင့် ထိုးသတ်ရခြင်းဖြစ်သည်။

    ထီရယ်လ်ထန်သည် ONE Championship နှင့် လက်တွဲအပြီး လေးပွဲထိုးသတ်ထားရာ သုံးပွဲနိုင် တစ်ပွဲရှုံးနိမ့်ထားသည်။ ထီရယ်လ်ထန်သည် ယင်းပွဲများကို ၂၀၁၉ ခုနှစ်တွင် နှစ်ပွဲ၊ ၂၀၂၁ ခုနှစ်တွင် နှစ်ပွဲ ထိုးသတ်ထားခြင်းဖြစ်ပြီး သုံးပွဲဆက်တိုက်အနိုင်ရသော်လည်း နောက်ဆုံးပွဲမှ အရေးနိမ့်ထားခြင်းဖြစ်သည်။

    ထီရယ်လ်ထန်သည် ၂၀၂၁ ခုနှစ် သြဂုတ် ၂၇ ရက်က တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်နှင့် ထိုးသတ်ခဲ့ရာ အရေးနိမ့်ခဲ့သည်။ ထီရယ်လ်ထန်နှင့် ထိုးသတ်မည့် ဆူနိုတိုမှာမူ MMA ကစားသမားဘဝ ပွဲပေါင်း ၁၉ ပွဲထိုးသတ်ထားရာ ၁၂ ပွဲနိုင်၊ ခုနစ်ပွဲရှုံးနိမ့်ထားသည်။ နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲမှာ ၂၀၂၀ ပြည့်နှစ်က ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းပွဲတွင် အနိုင်ရထားသည်။

    ထီရယ်လ်ထန်သည် နောက်ဆုံးထိုးသတ်သည့်ပွဲတွင် အရေးနိမ့်ထားသဖြင့် ယခုပွဲတွင် အနိုင်ရရန် ကြိုးပမ်းရမည်ဖြစ်သည်။

    သတင်း - ရဲရင့်လွင်

    ဓာတ်ပုံ - ONE Championship

    Tags:
    အားကစား

    အားကစား

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (54) English (19892) The Global New Light Of Myanmar (58) ကျန်းမာရေး (197) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2272) ဆောင်းပါး (3083) တွေ့ဆုံမေးမြန်း (71) နိ (1) နိုင်ငံတကာသတင်း (6169) ပညာရေး (189) ပြည်တွင်းသတင်း (29433) မြန်မာ့အလင်း (72) မြေငလျင်သတင်း (81) မှုခင်း (1264) မိုးလေဝသ (4545) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (97) အနုပညာရပ်ဝန်း (143) အယ်ဒီတာ့ အာဘော် (708) အားကစား (1132)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.