blogger-disqus-facebook
  • Home
    • ပြည်တွင်းသတင်း
    • နိုင်ငံတကာသတင်း
    • စီးပွားရေး
    • ဆောင်းပါး
    • အင်တာဗျူး
    • မှုခင်း
    • အားကစား
    • သတင်းစာများ
    • _မြန်မာ့အလင်း
    • _ကြေးမုံ
    • _The Global New Light Of Myanmar
    • English
    Home / အနုပညာရပ်ဝန်း / ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံ ပြည့်ခဲ့ပြီဖြစ်တဲ့ DNA

    ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံ ပြည့်ခဲ့ပြီဖြစ်တဲ့ DNA

    Myanmar Digital News January 22, 2022 0

     

    ဇန်နဝါရီ  ၂၃

    တောင်ကိုရီးယားရဲ့ ကျော်ကြားတဲ့ အမျိုးသား တေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ BTS ဟာ ဂီတခရီးမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အဖွဲ့ရဲ့ ကျော်ကြားတဲ့ တေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ DNA ရဲ့ တေးဗီဒီယိုဟာ လက်ရှိမှာ ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံပြည့်ခဲ့ပြီဖြစ်ကာ အဆိုပါ တေးဗီဒီယိုဟာ အဖွဲ့ရဲ့ တေးဗီဒီယိုတွေအနက် ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံပြည့်ခဲ့တဲ့ ဒုတိယမြောက် တေးဗီဒီယို ဖြစ်လာကြောင်း စွန်ပီဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

    အဆိုပါ တေးဗီဒီယိုဟာ ယူကျုကနေတစ်ဆင့် ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံ ပြည့်ခဲ့တာပါ။ DNA ရဲ့ တေးဗီဒီယိုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၈ ရက်မှာ စတင်ထုတ်လွှင့်ခဲ့တာကြောင့် လေးနှစ်ကျော် ကာလအတွင်း ယခုလို မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

    BTS ရဲ့ တေးဗီဒီယိုတွေအနက် ကြည့်ရှုသူ ၁ ဒသမ ၄ ဘီလီယံ ပထမဆုံး ပြည့်ခဲ့တဲ့ တေးဗီဒီယို ကတော့ Boy With Luv ဖြစ်ပြီးအဆိုပါတေးဗီဒီယိုဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအတွင်း ပြည့်မြောက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

    အေးပြည့်

    Tags:
    အနုပညာရပ်ဝန်း

    အနုပညာရပ်ဝန်း

    No comments

    Subscribe to: Post Comments ( Atom )

    Blog Archive

    Tags

    Editorial (54) English (19890) The Global New Light Of Myanmar (58) ကျန်းမာရေး (197) ကြေးမုံ (72) ကာတွန်း (166) စီးပွားရေး (2271) ဆောင်းပါး (3083) တွေ့ဆုံမေးမြန်း (71) နိ (1) နိုင်ငံတကာသတင်း (6168) ပညာရေး (189) ပြည်တွင်းသတင်း (29433) မြန်မာ့အလင်း (72) မြေငလျင်သတင်း (81) မှုခင်း (1264) မိုးလေဝသ (4545) ဝတ္ထုတို (65) သဝဏ်လွှာ (1) အင်တာဗျူး (97) အနုပညာရပ်ဝန်း (143) အယ်ဒီတာ့ အာဘော် (708) အားကစား (1132)
  • visitor

    Created By MDN Templates | Distributed By Myanmar Digital News
    Powered by Blogger.