ကရင်ပြည်နယ်ရှိ သောက်ရေသန့်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ စစ်ဆေးခံနိုင်ရေး တွေ့ဆုံဆွေးနွေး
ဘားအံ ဇန်နဝါရီ
၂၁
ကရင်ပြည်နယ်ရှိ သောက်ရေးသန့်ဘူးများပေါ်တွင်
ကုန်ညွှန်းအမှတ်အသားနှင့် ကုန်စည်များပေါ်တွင် အဓိက ပါဝင်ရမည့် အချက်များကို သိရှိဆောင်ရွက်နိုင်ရန်နှင့်
ကုန်ညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ စစ်ဆေးခံနိုင်ရေး သောက်ရေသန့် လုပ်ငန်းရှင်များနှင့်
တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၀ ရက်က ကရင်ပြည်နယ် စားသုံးသူ ရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင်
ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင်
စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးသန်းဦးက အမှာစကားပြောကြားပြီး ကရင်ပြည်နယ်
သောက်ရေသန့်လုပ်ငန်းရှင်များ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးက ကုန်စည်များပေါ်တွင်
အဓိက ပါဝင်ရမည့် အချက်များကို ဆွေးနွေး ပြောကြားရာ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော
ရေသန့်လုပ်ငန်းရှင်များက မိမိတို့သိရှိလိုသည့် အချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း
သိရှိရသည်။
ခရိုင်(ပြန်/ဆက်)
No comments