ချယ်လ်ဆီးက စပါးကို သီတင်းသုံးပတ်အတွင်း သုံးကြိမ် အနိုင်ရရှိခဲ့
ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့
ဇန်နဝါရီ ၂၃ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ
စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်း က သီတင်းသုံးပတ်တာ ကာလအတွင်း သုံးကြိမ်အထိ
အနိုင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။
အနိုင်ရရှိခဲ့
ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့
ပြီးခဲ့တဲ့ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ပထမပိုင်းပွဲကစားချိန်အတွင်း
ဘယ်အသင်းကမှ ဂိုးမသွင်း နိုင်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒုတိယပိုင်း ပွဲကစားချိန်
၄၇ မိနစ်မှာ ဇီယက်ချ်ရဲ့ သွင်းဂိုး၊ ၅၅ မိနစ်မှာ သီယာဂိုဆေးလ်ဗားရဲ့ သွင်းဂိုး တွေ
ရရှိခဲ့တာကြောင့် စပါးအသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းနဲ့ စပါးအသင်းတို့ဟာ
ဇန်နဝါရီ ၅ ရက်မှာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမ အကျော့ပွဲစဉ် ကစားခဲ့ရာမှာ ချယ်လ်ဆီးအသင်းက
နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား
ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာလည်း ချယ်လ်ဆီးအသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ
နှစ်ကျော့ပေါင်းရလဒ် သုံးဂိုးပြတ်နဲ့ စပါးအသင်းကို အနိုင်ရရှိပြီး ကာရာဘောင်ဖလားနောက်
ဆုံးဗိုလ်လုပွဲကို တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ အခုပရီမီယာလိဂ် ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ
စပါးအသင်းကို ဆက်လက်အနိုင်ရရှိခဲ့တာကြောင့် သီတင်းသုံးပတ်တာ ကာလအတွင်း စပါးအသင်းကို
သုံးကြိမ်အနိုင်ရရှိခဲ့တဲ့ မှတ်တမ်းကောင်းတစ်ရပ်ကို ရရှိခဲ့တာဖြစ်ပါ တယ်။
စပါးအသင်းကို အနိုင်ရရှိခဲ့တာကြောင့်
ချယ်လ်ဆီးအသင်းဟာ ရမှတ်စုစုပေါင်း ၄၇ မှတ်နဲ့ အမှတ်ပေး ဇယား တတိယနေရာမှာ ဆက်လက်ရပ်တည်ခွင့်ရရှိခဲ့တာ
ဖြစ်ပါတယ်။ စပါးအသင်းကတော့ ချယ်လ်ဆီး အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ်စုစုပေါင်း
၃၆ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ခုနစ်နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ငွေကြယ်
No comments