အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၃၃၇၅၀ ထပ်မံတွေ့ရှိ

 



ဇန်နဝါရီ ၃


အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံကူးစက်ခံရသူ ၃၃၇၅၀ ရှိလာပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၃၄၉၂၂၈၈၂ ဦးအထိ မြင့်တက်လာသည်ဟု ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြထားသည်။


ထိုရောဂါကူးစက်ခံရမှုကြောင့် ၁၂၃ ဦးထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၄၈၁၈၉၃ ဦး ရှိလာသည်။


နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားဆဲလူနာ ၁၄၅၅၈၂ ဦးရှိသည်။ နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်မှုမျာ းမြင့်တက်လာသည်မှာ ခြောက်ရက်ဆက်တိုက်ရှိလာပြီ ဖြစ်သည်။


ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံများမှ ဆင်းလာသူပေါင်း ၃၄၂၉၅၄၀၇ ဦးရှိသည်။


အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားသူဦးရေ ၁၇၀၀ အထိရှိလာသည်။ ၎င်းတို့အနက် မဟာရတ်ထရာတွင် ၅၁၀ နှင့် ဒေလီတွင် ၃၅၁ ဦးတို့အသီးသီးဖြစ်သည်။


ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.