ယူအေအီးက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်မထိုးနှံရသေးသည့် နိုင်ငံသားများအား ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ပိတ်ပင်တားမြစ်မည်
ဒူဘိုင်း ဇန်နဝါရီ ၃
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)
သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်း မထိုးနှံရသေးသည့် နိုင်ငံသားများအား
ပြည်ပနိုင်ငံများသို့ ခရီးသွားလာမှု ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း ယနေ့တွင် ကြေညာခဲ့သည်။
။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းမထိုးနှံရသေးသည့် နိုင်ငံသားများအား ပြည်ပသို့ ထွက်ခွာခွင့်
တားမြစ်မှုသည် ဇန်နဝါရီ ၁၀ ရက်တွင် အသက်ဝင်မည်ဖြစ်ကြောင်းနှင့် အပိုဆောင်းမထိုးနှံရ
သေးသော်လည်း ကျန်းမာရေးဆိုင်ရာ ကင်းလွတ်ခွင့်ရရှိပြီးသည့် နိုင်ငံသားများနှင့် သက်ဆိုင်မည်မဟုတ်ကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။
အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး)
သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမြင့်တက်နေသည့် နိုင်ငံများအနက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ
စည်းမျဉ်းသစ်များထုတ်ပြန်သည့် နောက်ဆုံးနိုင်ငံလည်း ဖြစ်သည်။ နိုင်ငံအများအပြားသည်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား အဆိုပါရောဂါဆိုင်ရာ စည်းမျဉ်းသစ်များ
အသီးသီး ထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိတွင် အာရပ်စော်ဘွားများပြည်ထောင်စု
(ယူအေအီး)၌ ဒီဇင်ဘာ ၂၄ ရက်အထိ နိုင်ငံ့လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉
ရောဂါ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်းနှင့် ၃၄ ရာခိုင်နှုန်းခန့်သည်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဘီဘီစီ
ဘာသာပြန်-အလင်းသစ်
No comments