မဘိမ်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ  

 




မဘိမ်း ဇန်နဝါရီ ၃             


           

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ၂ဝ၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဇန်နဝါရီ ၃ ရက် နံနက် ၈ နာရီအချိန်က မဘိမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းနှင့် လူစည်ကားသည့်နေရာများတွင် ဖြန့်ဝေခဲ့သည်။

           

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ လွတ်လပ်ရေးအား မြတ်နိုးလေးစား တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍  လွတ်လပ်ရေးကို ကာကွယ်ရမယ်၊ အမျိုးသားညီညွတ်ရေး၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၄)ရပ်၊ မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သော စာချုပ်များ၊ တို့များဆင်မြန်း လွတ်လပ်ပန်း၊ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက၊ ကမ္ဘာတည်သရွေ့စောင့်ရှောက် စသည့် လွတ်လပ်ရေးနှင့်ပတ်သက်သည့် ဆောင်းပါးများ၊ ကဗျာများနှင့် ကာတွန်းများစသည့် လွတ်လပ်ရေး အကြောင်းအရာများပါဝင်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရ သည်။


မျိုးမင်း (ပြန်/ဆက်)

No comments

Powered by Blogger.