ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၂၃၃ ဦး ထပ်မံတွေ့ရှိ
မော်စကို ဇန်နဝါရီ ၃
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၂၃၃ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင်
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၁၀၅၃၇၉၆၆ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉
ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာ၏ ပြောကြားချက်အရ သိရသည်။
ရုရှားနိုင်ငံတစ်ဝန်း၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၈၁၁ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် အဆိုပါရောဂါကြောင့်
သေဆုံးသူပေါင်း ၃၁၀၅၁၈ ဦးရှိလာကြောင်း သိရသည်။
ထို့ပြင် ရုရှားနိုင်ငံ၌
လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ
ဆင်းခွင့်ရရှိသူ ၂၆၉၇၆ ဦး ရှိခြင်းကြောင့် ရောဂါမှ ပြန်လည်ကျန်းမာလာသူပေါင်း ၉၅၂၄၀၃၉
ဦးရှိလာကြောင်း သိရသည်။
ရုရှားနိုင်ငံ၌ မြို့တော်မော်စကိုသည်
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအများဆုံးဖြစ်ပွားသည့် ဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၈၂၄ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် ရောဂါကူးစက်ခံရသူပေါင်း
၂၀၃၅၀၄၀ ရှိလာကြောင်း သိရသည်။
လက်ရှိတွင် ရုရှားနိုင်ငံ၌
နိုင်ငံ့လူဦးရေ၏ ၇၈ ဒသမ၆သန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး
ဖြစ်ကြောင်းနှင့် ၇၄ ဒသမ ၅ သန်းကျော်သည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း
သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
No comments