ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး(Talk Show)ကျင်းပ
မန္တလေး ဇန်နဝါရီ ၃
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု(မန္တလေး)တို့ ပူးပေါင်းကျင်းပသော ကလေးသူငယ်အခွင့်အရေး ဆိုင်ရာအသိပညာပေး (Talk Show) ကို မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စုမှုး ဒုရဲမှုးသူဇာလွင်တို့က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများအကြောင်း၊ နိုင်ငံတော်က ဆောင်ရွက်ပေးနေသော ကလေးသူငယ်ပြုစုစောင့်ရှောက် ကာကွယ်ရေးလုပ်ငန်းများအကြောင်း၊ ကလေးသူငယ်များ အခွင့်အရေးများနှင့် ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းကို ဆွေးနွေးခဲ့သည်။
ဆွေးနွေးပွဲအပြီးတွင် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့(မန္တလေး)က အများပြည်သူလေ့လာဖတ်ရှု နိုင်ရန် ကလေးသူငယ်များနှင့်ပတ်သက်သော အသိပညာပေး ပိုစတာများအား လှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေးခရိုင်(ပြန်/ဆက်)
No comments