နောင်တရားမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ
နောင်တရား ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်း အဖြစ်ထုတ်ဝေသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ဇန်နဝါရီ ၃ ရက် နံနက်ပိုင်းတွင် ဖြန့်ဝေသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် သတင်းစကား လက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက်ချုပ်ဆိုခဲ့သော စာချုပ်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားညီညွတ်ရေး မိန့်ခွန်းကောက်နုတ်ချက်၊ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၄)ရပ်၊ ဝန်ကြီးချုပ်ဦးနု၏ လွတ်လပ်ရေးကို ကာကွယ်ရမယ် မိန့်ခွန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးအသိပညာပေးကာတွန်း၊ တို့များဆင်မြန်း လွတ်လပ်ပန်းကဗျာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြည်သူတွေရဲ့အင်အားသည်သာ အဓိက မိန့်ခွန်း ကောက်နုတ်ချက်နှင့် လွတ်လပ်ရေးဆောင်ပုဒ်များ ပါဝင်သည်။ အဆိုပါသတင်းစကားလက်ကမ်း စာစောင်ကို နောင်တရားမြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ နောင်တရားဈေးအတွင်းရှိ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် အလုပ်ရုံများတွင် သတင်းစကား လက်ကမ်းစာစောင် (၂၀၀)စောင်ကို အသိပညာပေး ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)
No comments