နှစ်သစ်ကူးရုံးပိတ်ရက် မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင် ဘုရားဖူးများ ဖြင့်စည်ကား



မုဒုံ   ဇန်နဝါရီ    ၂


မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်အတွင်းရှိ ပုရားစေတီပုထိုးများ၌ ယခုသီတင်းပတ် နှစ်သစ်ကူးရုံးပိတ်ရက်များ၌ နှစ်ဦးကုသိုလ်ပြု ဘုရားဖူးများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။


၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးရုံးပိတ်ရက်၌ မြို့နယ်အတွင်းရှိ အထင်ကရ ဘုရားစေတီပုထိုးများသည့် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်၊ ဆံတော်ရှင် ကန်ကလေးဆေးတီတော်၊ ကမာဝက်မြို့ ဓာတ်တော်ကျောင်း၊ ဘင်လှိုင်စေတီတော်၊ အတောင်(၄၀၀)ပြည့် လျောင်းတော်မူဘုရားကြီးနှင့် ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး များတွင် နေ့ချင်းပြန်လာရောက်ဖူးမြော်ကြသော အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးမိဘပြည်သူများ၊ နှစ်ဦးကုသိုလ်ယူကြသူများ၊ ဥပုသ်သီတင်းသီလ ဆောက် တည်ကြသူများ၊ အလှူအတန်းနှင့်ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများ၊ ပန်း၊ ဆီမီး၊ ရေ ချမ်း ကပ်လှူပူဇော်ကြသူများ၊ ငါးစာကျွေးကုသိုလ်ပြုကြသူများနှင့် အမှတ်တရပစ္စည်း ရောင်း စျေးဆိုင်များတို့တွင် အပန်းဖြေသူများနှင့်ကောင်းမှုကုသိုလ်ပြုလုပ်ကြသူများ ဖြင့် စည်ကားခဲ့ပြီး အစိုးရရုံးပိတ်ရက်များအပြင် နေ့စဉ်လာရောက်ဖူးမြော်လျက်ရှိ ကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များကိုလည်း တိုက်တွန်း နှိုးဆော်ထားကြောင်း  ဘုရားစေတီဂေါပကအဖွဲ့ဝင်ထံများမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)


No comments

Powered by Blogger.