သံဖြူဇရပ်မြို့စက်စဲကမ်းခြေတွင် နှစ်သစ်ကူးပိတ်ရက် အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိ
သံဖြူဇရပ် ဇန်နဝါရီ ၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ စက်စဲကမ်းခြေ၌ နှစ်သစ်ကူးပိတ်ရက်များတွင် ကမ်းခြေလာရောက်ကြသည့် ပြည်သူများအေးချမ်းစွာ အပန်းဖြေအနားယူသူများဖြင့် စည်ကားလျက်ရှိသည်။
သံဖြူဇရပ်မြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးထားပြီး ရပ်နီး၊ ရပ်ဝေးမှ စက်စဲကမ်းခြေသို့ လာရောက် အပန်းဖြေသူများ၊ ကမ်းခြေတွင် စက်ဘီစီး၊ မြင်းစီး၊ ဆိုင်ကယ်အပျော်စီးသူများ၊ ရေကစားကြသူများနှင့် စားစရာမုန့်ဆိုင်တန်းများ၊ ကလေးကစားစရာ၊ အဝတ်အထည်များနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ရောင်းချသည့် စျေးဆိုင်တန်းများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။
အေးအေးမွန်(ပြန်/ဆက်)
No comments