ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Ooredoo ဆက်သွယ်ရေး တာဝါတိုင် မီးလောင်မှုဖြစ်ပွား
ပွင့်ဖြူ ဇန်နဝါရီ ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Ooredoo ဆက်သွယ်ရေးတာဝါတိုင်အမှတ်( MWW 3092) တွင် ဇန်နဝါရီ၂ရက် နံနက်၉နာရီ၅၀မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၉နာရီ၅၀မိနစ်အချိန်ခန့်က ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ ဦးတင်ဝမ်း(သ)၆၀နှစ်၊ ပိုင်ဆိုင်သော ဝိုင်းမြေအတွင်းရှိ ဆက်သွယ်ရေးတာဝါတိုင်အမှတ်(MWW3092)Ooredoo တာဝါတိုင်မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရ၍ မြို့နယ်မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးဟန်ဇာကျော်ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ် ၂စီးနှင့် အတူ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ ၅ မိနစ်အချိန်တွင်မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုအကြောင်းအရင်းအား စုံစမ်းစစ်ဆေးရာ တာဝါတိုင်တွင် အသုံးပြုသော မီးအားပေးစက်ရှိ ရေတိုင်ကီအပူလွန်ကဲရာမှ အနီးရှိကော်ပန်ကာဒလက်သို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ၊ မီးလောင်မှုကြောင့် အင်ဂျင်ရေတိုင်ကီ(၁)လုံး၊ ကော်ပန်ကာဒလက်(၁)စုံ၊ water pipe (၃)ချောင်း မီးလောင်ကျွမ်းခဲ့သည်။
မီးလောင်မှုနှင့် ပတ်သက်၍ Ooredoo ဆက်သွယ်ရေးတာဝါတိုင်တာဝန်ခံ စလင်းမြို့၊မြေမိကုန်းရပ်ကွက်နေ ဦးထက်လင်းအောင် အား ပွင့်ဖြူမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်ထားရှိကြောင်းသိရှိရသည်။
ခင်ဝါဝါလှိုင်(ပြန်/ဆက်)
No comments