မြန်မာအမျိုးသမီးအသင်း ယခုနှစ်ဝက်မတိုင်မီ အဓိကနိုင်ငံတကာပြိုင်ပွဲနှစ်ခု ယှဉ်ပြိုင်ရမည်
ရန်ကုန် ဇန်နဝါရီ ၅
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်
ယခုနှစ်ဝက်မတိုင်မီ အဓိကနိုင်ငံတကာပြိုင်ပွဲ နှစ်ခု ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည်
ယခုနှစ်တွင် အဓိကနိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည် ဖြစ်ပြီး ဇန်နဝါရီတွင် အာရှဖလားအမျိုးသမီးပြိုင်ပွဲ
နောက်ဆုံးအဆင့်၊ မေလတွင် ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အာရှဖလား အမျိုးသမီးပြိုင်ပွဲ
နောက်ဆုံးအဆင့်ကို ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၆ ရက်အထိ အိန္ဒိယနိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး
မြန်မာအသင်းသည် လက်ရှိချန်ပီယံ ဂျပန် အပါအဝင် တောင်ကိုရီးယား၊ ဗီယက်နမ်တို့နှင့် တစ်အုပ်စုတည်း
ကျရောက်နေသည်။ ၂၀၂၂ ခုနှစ် မေလတွင်ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက်
အာရှဖလားပြိုင်ပွဲအပြီးတွင် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည်
လက်ရှိတွင် အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် ပြင်ဆင်လျက်ရှိပြီး ယင်းပြိုင်ပွဲအပြီးတွင်
လေ့ကျင့်မှု ခေတ္တရပ်နားကာ ဖေဖော်ဝါရီတွင်
စတင်ပြင်ဆင်ဖွယ်ရှိနေသည်။
မြန်မာအမျိုးသမီးအသင်းသည်
ခြေစစ်ပွဲအောင်မြင်ထားသော ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် အပြီးသတ်ပြင်ဆင်မှုများ
ပြုလုပ်လျက်ရှိပြီး ယင်းပဏာမကစားသမားများ ဖြင့်သာ ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်သွားမည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းကို နည်းပြချုပ် အဖြစ် ဦးတင်မြင့်အောင်က ကိုင်တွယ်နေပြီး ဆီးဂိမ်းပြိုင်ပွဲဝင်အသင်းကိုလည်း
ထပ်မံကိုင်တွယ် မည်ဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည်
အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်ကိုခြေစစ်ပွဲအောင်မြင်သဖြင့် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး
၂၀၂၁ ခုနှစ် အောက်တိုဘာက ကျင်းပသည့် ခြေစစ်ပွဲတွင် ဂူအမ်၊ ယူအေအီးနှင့် လက်ဘနွန်အသင်းတို့ကို
ကျော်ဖြတ်ကာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်
No comments