တူရကီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၈၆၉ ဦးထပ်မံတွေ့ရှိ
အန်ကာရာ ဇန်နဝါရီ ၅
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၄၈၆၉ ဦး ထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉
ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉၅၉၇၆၇၀ ရှိလာကြောင်း တူရကီနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက
ယနေ့တွင်ပြောကြားသည်။
သေဆုံးသူပေါင်း
၈၂၇၉၅ ဦး ရှိလာ
တူရကီနိုင်ငံ၌ လွန်ခဲ့သည့်
တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၆၀ ထပ်မံ တွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့်
သေဆုံးသူပေါင်း ၈၂၇၉၅ ဦး ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့်
ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၂၇၄၉၂ ဦး ရှိကြောင်း သိရသည်။ ။
တူရကီနိုင်ငံသည် တရုတ်နိုင်ငံထုတ်
Sinovac ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် တူရကီ ကျန်းမာရေးအာဏာပိုင်များက
အတည်ပြုပေးခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု အစီအစဉ်ကို
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စတင်ခဲ့သည်။
လက်ရှိတွင် တူရကီနိုင်ငံ၌
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီး သူပေါင်း ၅၆ ဒသမ ၉၆ သန်းကျော် ရှိကြောင်း၊
ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၅၁ ဒသမ ၆၇ သန်း ကျော်ရှိကြောင်းနှင့် ကိုဗစ်-၁၉
ရောဂါ ကာကွယ်ဆေး အလုံးရေ စုစုပေါင်း ၁၃၂ ဒသမ ၈၉ သန်းကျော် အသုံးပြုပြီး ဖြစ်ကြောင်း
တူရကီကျန်းမာရေး ဝန်ကြီးဌာနက ပြောကြားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
No comments