နတ်မောက်မြို့နယ်၌ ရေဆင်း(၁) ဆပ်မျိုးနေကြာ စံပြကွက်စိုက်ပျိုးထားမှုများအား တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်

 





နတ်မောက်   ဇန်နဝါရီ   ၅


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာတွင် ရေဆင်း() ဆပ်မျိုးနေကြာ စံပြကွက် စိုက်ပျိုးထားရှိမှုများအား ခရိုင်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဇန်နဝါရီ ၄ ရက် နံနက်ပိုင်းက တောင်သူပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဆောင်းနေကြာ အထွက်နှုန်း တိုးတက်စေရေးအတွက် ရေဆင်း() ဆပ်မျိုးနေကြာ စိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာနမှ ၁ ဧက အထွက်နှုန်း တိုးတက်စေရေး မျိုးစိုက်စနစ်ဖြင့် သွင်းအားစုအသုံးပြုခြင်း၊ အပင်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း၊ နည်းစနစ်မှန် လိုက်နာဆောင်ရွက်စေရေး တောင်သူများနှင့် ညှိနိုင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။


မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.