Charles & Keith ရဲ့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကိုယ်စားလှယ်ဖြစ်လာတဲ့ ခရစ်စတယ်
ကေပေါ့ပ်တေးသံရှင် တစ်ဦးအဖြစ်မှသည်
သရုပ်ဆောင်တစ်ဦးအဖြစ်ပါ အောင်မြင်နေတဲ့ ခရစ်စတယ် ဟာ စင်ကာပူနိုင်ငံထုတ် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့
Charles & Keith ရဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် လတ်တလောမှာ
ရွေးချယ်ခံခဲ့ရကြောင်း အောကေပေါ့ပ် ဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။
ခရစ်စတယ်ကို ကမ္ဘာလုံးဆိုင်ရာ
အမှတ်တံဆိပ် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ကြောင်း ဇန်နဝါရီ ၄ ရက်မှာ ထုတ်ပြန်ခဲ့တာ
ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံထုတ် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Charles &
Keith ရဲ့ ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာဟာ ခရစ်စတယ်
က ပထမဆုံးဖြစ်တယ်လို့လည်း သိရပါတယ်။
အေးပြည့်
No comments