ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းက အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကို ၉၀ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်
ဝါရှင်တန် ဇန်နဝါရီ ၂၄
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
တတိယအကြိမ် အပိုဆောင်းထိုးနှံခြင်းသည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရခြင်းကြောင့်
ဆေးရုံတက်ရောက် ကုသခံရမှုကို ၉၀ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်
ကာကွယ်ရေးစင်တာက အသစ်ပြုလုပ်သည့် သုတေသန ပြုမှုတစ်ခုအပေါ်အခြေခံ၍ ပြောကြားသည်။
ထုတ်ပြန်ခဲ့
အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်
ကာကွယ်ရေးစင်တာသည် Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် Moderna ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတို့အား
အပိုဆောင်းထိုးနှံမှုခံယူ ပြီးသူများ၏ အကျိုးရှိထိရောက်မှုအပေါ် သုတေသန ပြုခဲ့မှုကို
ဇန်နဝါရီ ၂၁ ရက် တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
နှစ်ကြိမ် ထိုးနှံမှုခံယူပြီးသူများသည် ဒယ်လ်တာ ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက်
ကုသခံရမှုကို ၈၁ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် အိုမီခရွန်ဗီဇပြောင်း
ဗိုင်းရပ်စ်ကြောင့် ဆေးရုံတက်ရောက် ကုသခံရမှုကို ၅၇ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်မည်
ဖြစ်ကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။
သို့ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
တတိယအကြိမ် အပိုဆောင်းထိုးနှံပြီးပါက ဒယ်လ်တာဗီဇပြောင်းဗိုင်းရပ်စ် ကြောင့် ဆေးရုံတက်ရောက်ကုသခံရမှုကို
၉၄ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် အိုမီခရွန် ကြောင့် ဆေးရုံတက်ရောက်ကုသခံရမှုကို
၉၀ ရာခိုင်နှုန်းအထိ ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အသက် ၅၀ နှင့် ၆၄ နှစ်အကြား
အသက်အရွယ်ရှိသူများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးပါက ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူနှင့်
အပိုဆောင်းထိုးနှံပြီးသူများနှင့် နှိုင်းစာပါက ကိုဗစ်-၁၉ ရောဂါကြောင့် ဆေးရုံ တက်ရောက်ကုသခံရမှုသည်
၄၄ ဆ၊ ပိုမိုမြင့်မားနိုင်ကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အလင်းသစ်
No comments