ကနေဒါနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂ ဒသမ ၉ သန်းကျော်ရှိလာ
အော့တဝါ ဇန်နဝါရီ ၂၄
ကနေဒါနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း
ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ | ၁၃၅၅၅ ဦးထပ်မံတွေ့ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင်
ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူပေါင်း ၂၉၀၅၅၆ဝ ရှိလာကြောင်းနှင့် အဆိုပါရောဂါဖြင့် သေဆုံးသူပေါင်း
၃၂၅၀၂ ဦးရှိကြောင်း သိရသည်။
ကနေဒါနိုင်ငံ၏ လူဦးရေအများဆုံး
ပြည်နယ်ဖြစ်သည့် အွန်တာရီယို ပြည်နယ်၌ လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ
၆၄၇၃ ဦးနှင့် သေဆုံးသူ ၄၇ ဦးရှိကြောင်း၊ ဒုတိယလူဦးရေအများဆုံး ကွီဘက်ပြည်နယ်၌ ၅၅၄၇
ဦးနှင့် အဆိုပါရောဂါဖြင့် သေဆုံးသူ ၆၈ ဦးရှိကြောင်း သိရသည်။
ကနေဒါနိုင်ငံ၌ ဇန်နဝါရီ ၂၂
ရက်တွင် နိုင်ငံတစ်ဝန်းရှိ ဆေးရုံများ၌ ဆေးဝါးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါလူနာ
၁၀၇၄၅ ဦးရှိကြောင်း သိရသည်။ ကနေဒါနိုင်ငံ၌ လက်ရှိထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ
အရေအတွက်ထက် ပိုမိုမြင့်မားဖွယ်ရှိကြောင်းလည်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အလင်းသစ်
No comments